Thursday, August 4, 2016

Morning Session ( Get Psyched Tracks ) ... အပိုင်း ၂

Morning Session ( Get Psyched Tracks )
...
အပိုင်း ၂
...
အပိုင်း ၁ နဲ့တော့ အချိန်တော်တော်ကွာသွားပါရဲ့ ။
လူကိုယ်တိုင်က အကျင့်ကိုမကောင်းတော့ စထားတဲ့ အလုပ်တခုကို အဆုံးမသတ်နိုင်ဘူးရယ် 😊 ။
တတ်နိုင်သမျှ စိတ်အင်အားတွေအကုန်စုစည်းပြီး တင်ဆက်လိုက်ရပါတဲ့ Morning Session ( Get Psyched Tracks ) အပိုင်း ၂ ပါ။
...

အပိုင်း ၁ မှ ကောက်နှုတ်ချက်

[ ကျွန်တော့်ကိုယ်တိုင်နားထောင်နေတဲ့ playlist တခုရှိတဲ့ အထဲကမှ သီချင်း ၁၀ ပုဒ်ကို ရွေးချယ်ပေးချင်ပါတယ် ။
တတ်နိုင်သမျှ အဆိုတော်မထပ်အောင် ၊ အယ်လ်ဘမ်မထပ်အောင် ၊
ဒါ့အပြင် tempo ကိုလည်း ဖြည်းဖြည်းချင်းတက်လာစေအောင် ကြိုးစား စီစဥ်ပေးထားလို့ သည်းခံဖတ်ရှုပေးကြပါဦး ။ 😃 ]

[ https://m.facebook.com/story.php?story_fbid=1284605554890566&id=1282280511789737 ]

ပထမပိုင်းမှာ သီချင်း ၅ ပုဒ်ကို ရွေးချယ်ပေးခဲ့ပြီးဖြစ်တဲ့အတွက် အခုမှာတော့ နောက်ဆုံး ၅ ပုဒ်ကို ရွေးချယ်ပေးပါမယ် ။

...

၆ ၊ The Great Escape - Boys Like Girls

နံပါတ် ၆ သီချင်းကတော့ ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး BLG အဖွဲ့ရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ် ။
Billboard Chart မှာ အဆင့် ၂၃ရရှိခဲ့တဲ့ ဒီသီချင်းလေးဟာဆိုရင်တော့ Pop Punk အမျိုးအစားဖြစ်ပြီးတော့ တက်ကြွတဲ့ စာသားတွေနဲ့ မနက်ခင်းအတွက် စိတ်နိုးကြားစေမယ့် သီချင်းလေးပဲဖြစ်ပါတယ် ။

Youtube - https://youtu.be/JGPgxoIPY6Q

...

၇ ၊ Viva La Vida - Coldplay

ဒီသီချင်းလေးကတော့ မိတ်ဆက်စရာမလိုအောင်ပဲ ရင်းနှီးနေကြလောက်ပါတယ် ။
ဝိုင်ဝိုင်းက မြန်မာသီချင်းအနေနဲ့ ပြန်ဆိုထားတယ်လို့တောင်ထင်ပါရဲ့ ။
၂၀၀၈ ခုနှစ်ထုတ်ဒီသီချင်းလေးကတော့ Billboard Hot 100 မှာ အဆင့် ၁ အပြင် ၂၀၀၉ ခုနှစ် ဂရမ်မီဆုတောင် ဆွတ်ခူးထားတဲ့ သီချင်းလေးဖြစ်ပါတယ် ။
Classic တူရိယာသံတွေနောက်ခံထားတဲ့ Baroque Pop ( မြင်လွယ်အောင်ပြောရရင်  British Pop ) သီချင်းလေးက Cold Play ရဲ့နာမည်ကျော် ' ဘဝအကြောင်းနဲ့ စိတ်အားထက်သန်စရာ  စာသားတွေ ' ပါဝင်ထားပြီး တူရိယာသံသန့်သန့်နဲ့ပဲ စိတ်တည်ငြိမ်မှုတွေ ပေးစွမ်းနိုင်ပါလေရဲ့ ။

Youtube - https://youtu.be/9ldOuVuas1c

...

၈ (က) ၊ Tongue Tied - Grouplove

ဒီသီချင်းလေးကတော့ ဝေဖန်သူတွေ ပက်ပက်စက်စက် အပြစ်ပြောတာခံခဲ့ရတဲ့ သီချင်းလေးပါပဲ ။ စာသားတွေကိုလည်း အပြစ်ပြောခံရ ၊ rapping style ကိုလည်း အကောင်းမြင်မခံရတဲ့ ဒီသီချင်းလေးကတော့ Grouplove ရဲ့ အအောင်မြင်ဆုံးသီချင်းပါပဲ ။ Billboard အဆင့် ၄၂ ရရှိခဲ့ပြီး ၂၀၁၁ခုနှစ်ထုတ် indie pop သီချင်းလေးဟာတော့ သင့်အမြင်မှာလည်း 'အချစ်ရုပ်ရှင် ခပ်ပေါပေါတစ်ကားအဆုံး စာတန်းထိုး' သီချင်းလိုပဲ ကြားနေရကောင်းပါရဲ့ ။
သို့ပေသိ ဒီသီချင်းလေးရဲ့ tempo မှန်မှန်နဲ့ မြူးမြူးသံစဥ်လေးကိုတော့ ကျွန်တော်သဘောကျမိပါတယ် ။
တကယ်လို့သာ သင်ကတော့ ဘယ်လိုမှသဘောမကျဆိုရင်တော့ Neon Trees ရဲ့ Animals ကို အစားထိုး လမ်းညွန်ရပါလိမ့်မယ် ။

Youtube - https://youtu.be/1x1wjGKHjBI

...

၈ (ခ) ၊ Animals - Neon Trees

ဒီသီချင်းကတော့ Billboard အဆင့် ၁၃ ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး Alternative သီချင်းအဖြစ်ရွေးချယ်ခံခဲ့ရပါတယ် ။
၂၀၁၀ ခုနှစ်မှ ဖြန့်ချိခဲ့ပြီး Train, Taylor Swift , Panic at the Disco! တို့က ပြန်ဆိုရတဲ့အထိ အောင်မြင်ခဲ့ပါတယ် ။
Alternative Rock ပြီပြီ ၊ Tempo မှန်မှန်နဲ့ သီချင်းမြူးမြူးကြွကြွဟာ သင့်ရဲ့ မလန်းမဆန်းစိတ်တွေကို နိုးထစေမှ အမှန်ပါပဲလေ ။

Youtube - https://youtu.be/gM7Hlg75Mlo

...

၉ ၊ Black & White - G.na

အမှန်တော့ ကိုရီးယားသီချင်းတွေအကြောင်းသိပ်မပြောရဲပါတယ် ။
Kpop သီချင်းတပုဒ်ကောင်းတယ် မကောင်းဘူးဆိုတာ သီချင်းပေါ်ထက် သီဆိုသူကျော်ကြားမှုပေါ်မူတည်နေပါတဲ့ အတွက် တယောက်အကြိုက်နဲ့ တယောက် မတူနိုင်ပါလေ ။
ဒါပေမယ့် ထူးထူးခြားခြားရွေးချယ်လိုက်တာကတော့ G.na ရဲ့ Black&White သီချင်းလေးပါပဲ ။ သမားရိုးကျ Kpop သီချင်းပဲဖြစ်ပြီး ၂၀၁၁ ခုနှစ် မှာဖြန့်ဝေခဲ့ပါတယ် ။ G.na ရဲ့ ပထမဆုံးအောင်မြင်တဲ့ သီချင်းလေးဖြစ်ပြီး (ကျွန်တော့်အမြင်မှာတော့) g.na ရဲ့ တပုဒ်ထဲသော သီချင်းကောင်းဖြစ်ပါတယ် ။
Kpopတို့ ထုံးစံ မြူးမြူးကြွကြွလေးပဲဖြစ်ပြီး နားထောင်ရတာ နားစွဲတဲ့ သီချင်းလေးပဲ ဖြစ်တာမလို့ ရွေးချယ်လိုက်ပါတယ် ။

Youtube - https://youtu.be/ntkLP26htZA

...

၁၀ ၊ Final Song - MØ

နောက်ဆုံးသီချင်းလေးအနေနဲ့ Final Song ကိုပဲ ရွေးချယ်လိုက်ပါတယ် ။ (see? I made a pun) 😂
၂၀၁၆ ခု မေလမှာ ထုတ်ဝေခဲ့တဲ့ ဒီသီချင်းလေးဟာတော့ electropop သီချင်းလေးပဲဖြစ်ပြီး xylophone သံလေးနောက်ခံထားထာပါတယ် ။ ခုချိန်ထိတော့ Billboard US ကို မဝင်ရောက်သေးတဲ့ ဒီသီချင်းဟာတော့ တည်တည်ငြိမ်ငြိမ်ရှိနေသလို မြူးမြူးကြွကြွလေးလည်း ရှိနေလို့ အပိတ်သီချင်းအဖြစ် ရွေးချယ်ပေးလိုက်ရပါတယ် ။

Youtube - https://youtu.be/WUcXQ--yGWQ

...

အားလုံးပဲ ဒီ playlist လေးနဲ့ မလန်းမဆန်း မနက်ခင််းများကို ကျော်လွှားနိုင်ကြပါစေလေ 😁 ။

...

ကျွန်တော်ဟာ စာမေးပွဲသာမရှိရင် ဘာကိုမှ လုပ်ချင်စိတ်မရှိတဲ့အတွက် စာတွေကို အစကလောက်မတင်နိုင်တော့တာ ကိုယ်တိုင်လည်းသတိထားမိပါရဲ့ ။ နောက်ကိုလည်း ကြိုးစားပြီး ဆက်ရေးပါဦးမယ် ။
ဒီနေရာထိ သည်းခံ ဖတ်လာပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ။
နောက်ထပ် သီချင်းကောင်းတွေကို ထပ်ပြောပြချင်ပါသေးရဲ့ ။

Peace. V

...

Morning Session ( Get Psyched Tracks ) ... အပိုင်း ၁

Morning Session ( Get Psyched Tracks )
...
အပိုင်း ၁
...

ဒီ Playlist လေး ဘယ်လို လုပ်ဖြစ်ပါလိမ့် ?
ဒီရက်ပိုင်း စာမေးပွဲတွေနည်းနည်း ထပ်နေပါရဲ့ ၊ နဂိုထဲက စာပုံမှန်မကျက်တတ်တဲ့ ကျွန်တော့်အဖို့တော့ ဒီရက်ပိုင်းဟာ အိပ်မှုန်စုံဖွားရက်တွေဆိုပါတော့လေ ။
မနက်ပိုင်း အိပ်ရာက မထချင်ထချင်နဲ့ ထလာရတဲ့နေ့မျိုးတွေမှာ တမနက်လုံးမှိုင်နေတတ်ပါတယ် ။
ဒီတော့ ကျွန်တော် အမြဲပြုလုပ်တတ်တဲ့အကျင့်တခုကတော့ မနက်ခင်းမှာ စိတ်ကို နိုးကြွစေတတ်တဲ့ သီချင်းတစ်ချို့ကို Playlist တခုအနေနဲ့ထားပြီး ကျောင်းသွားရာလမ်းတလျှောက် ကားပေါ်မှာ ၊ တက္ကစီပေါ်မှာ နားထောင်သွားခြင်းပါပဲ ။
တကယ်တော့ ဒီလိုသီချင်းမျိုးတွေကို စုရတာ လွယ်လှတယ်တော့မဟုတ်ပါဘူး ။ Playlist တခု ပြုလုပ်တဲ့အခါ အမြဲတမ်းလိုလို လုပ်တတ်တဲ့ အကျင့်တခုကတော့ မိမိနားထောင်နေကြသီချင်းတွေကိုသာ စုစည်းမိသွားတတ်ပြီး Most Played စာရင်းနဲ့ထူးမခြားနား ဖြစ်နေတတ်ခြင်းပါပဲ ။

Music Psychologist နဲ့ Cambridge PhD. candidate David M.Greenberg ရဲ့ ပြောကြားမှုအရဆိုရင်တော့
မနက်ခင်း Playlist တွေမှာ အဓိကလိုအပ်တာဟာ
၁ ၊ ဖြည်းဖြည်းချင်း နိုးကြွလာစေခြင်း
စပါပြီဆိုထဲက ဆူဆူညံညံသီချင်းတွေထက်စာရင် ဖြည်းဖြည်းချင်းစတင်ရမှနေ မြူးကြွလာတဲ့ သီချင်းတွေဟာ ပိုပြီး လူကို နိုးကြားစေပါတယ် ။
၂ ၊ အကောင်းမြင်စေတတ်ခြင်း
နိုးလာချိန်မှ စပြီး တနေကုန်လုံး တက်ကြွနေစေဖို့အတွက် အကောင်းမြင်စာသားများက ပိုစွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ် ။
၃ ၊ မြူးကြွသံစဥ်များ
မနက်ခင်းအချိန်အခါမှာ စာသားများအပြင် သံစဥ်ဟာလည်း အရေးပါတဲ့ အပိုင်းတခုပဲဖြစ်ပါတယ် ။ ပုံမှန်အားဖြင့် စာသားကို အာရုံစိုက် နားထောင်တတ်ကြပေမယ့် BPM ၁၀၀ - ၁၃၀ လောက်ရှိတဲ့ သီချင်းတွေက ပိုပြီး နိုးကြားစေပါတယ် ။
( Reference - http://www.businessinsider.com/20-best-wake-up-alarm-songs-on-spotify-2015-11 )

...

ကျွန်တော့်ကိုယ်တိုင်နားထောင်နေတဲ့ playlist တခုရှိတဲ့ အထဲကမှ သီချင်း ၁၀ ပုဒ်ကို ရွေးချယ်ပေးချင်ပါတယ် ။
တတ်နိုင်သမျှ အဆိုတော်မထပ်အောင် ၊ အယ်လ်ဘမ်မထပ်အောင် ၊
ဒါ့အပြင် tempo ကိုလည်း ဖြည်းဖြည်းချင်းတက်လာစေအောင် ကြိုးစား စီစဥ်ပေးထားလို့ သည်းခံဖတ်ရှုပေးကြပါဦး ။ 😃

...

၁ ၊ Fight Song - Rachel Platten

ဒီသီချင်းကိုတော့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေခဲ့ပြီး ပရိသတ်များကရော ဝေဖန်သူများကပါ သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ် ။
Billboard Hot 100 မှာ နံပါတ် ၆ နေရာရောက်ရှိအောင် အောင်မြင်ခဲ့ပါတယ် ။
စာသားများကလည်း တက်ကြွနေပြီး Rachel Platten ရဲ့ နူးညံ့တဲ့ အသံ နဲ့ နှေးရာမှတဆင့် မြူးကြွလာတဲ့ သံစဥ်များ ပါဝင်တဲ့ ဒီသီချင်းကို ပထမဆုံးသီချင်းအနေနဲ့ ရွေးချယ်လိုက်ရပါတယ်။

Youtube - https://youtu.be/xo1VInw-SKc

...

၂ ၊ Can't Stop The Feeling ! - Justin Timberlake

ပထမသီချင်းလေးက tempo ကို နှေးရာမှ မြန်ရာကို ဆွဲခေါ်ခဲ့ပြီးနောက်မှာတော့ ဒုတိယအနေနဲ့ Disco-funk သီချင်းလေးတပုဒကိုပဲ တန်းရွေးချယ်လိုက်ပါတယ် ။
ဒီသီချင်းလေးကိုတော့ ၂၀၁၆ မေလမှာ ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှာ နံပါတ် ၁ နေရာကို ရယူခဲ့ပါတယ် ။
ကျွန်တော်အတွက်တော့ Pharrell Williams ရဲ့ Happy သီချင်းကို နေရာဝင် အစားထိုးသွားတဲ့သီချင်းလေးပါပဲ ။
ဝေဖန်သူရေးရာတွေအားလုံးကလည်း အကောင်းမြင်မှတ်ချက်ပေးခဲ့ကြပြီး
" တကယ်လို့ သောကြာနေ့ကို သီချင်းတပုဒ်လို့တင်စားရရင် ဒီသီချင်းကိုပဲ ရွေးရပါလိမ့်မယ် '' လို့ကို ချီးကျူးခံထားရပါတယ် ။
ပေါ့ပေါ့ပါးပါးသံစဥ်လေးတွေနဲ့ ဒီသီချင်းဟာ မနက်ခင်းတွေတိုင်းမှာ တကယ်ကို စိတ်ရွှင်လန်းစေတဲ့ သီချင်းတပုဒ်ပါပဲ ။

Youtube - https://youtu.be/ru0K8uYEZWw

...

၃ ၊ Anyway You Want It - Pentatonix, The Filharmonic, The Cantasticos, The Singboks, Penn Masala ( Pitch Perfect 2 soundtrack)

ဟုတ်ပါတယ် ။
PP2 ဟာ PP1 ဇာတ်လမ်း ကို ခြေဖျားတောင်မမှီပေမယ့် ကျွန်တော်မကြာခဏ ပြန်ပြန်ကြည့်ဖြစ်ရတဲ့ အကြောင်းကိုက သီချင်းတွေပါပဲ ။
ဒီသီချင်းကို ၁၉၈၀ ခုနှစ်ထဲက Journey အဖွဲ့က ဖျော်ဖြေခဲ့ပါတယ်။
အခု ပြောပြထားတဲ့ ဗားရှင်းဟာတော့ Pitch Perfect 2 ရဲ့ World Acapella Championship မှာ အဖွဲ့ပေါင်းစုံက ပူးပေါင်းသီဆိုထားခြင်းဖြစ်ပါတယ် ။
ဘာသာစကားမျိုးစုံနဲ့ သီဆိုထားတဲ့ ဒီသီချင်းလေးဟာ စာသားတလုံးမှ နားမလည်ရင်တောင် Acapella သံစဥ်တွေနဲ့ပဲ မြူးကြွနေတဲ့ သီချင်းလေးဖြစ်လို့ တတိယ သီချင်းအနေနဲ့ ရွေးချယ်လိုက်ပါတယ် ။

Youtube - https://youtu.be/HQIcwuzqpx8

...

၄ ၊ Shut Up and Dance - Walk the Moon

၂၀၁၄ ခု စက်တင်ဘာလထုတ် သီချင်းတပုဒ်ဖြစ်ပြီး WTM အဖွဲ့ရဲ့ အအောင်မြင်ဆုံးသီချင်းလည်း ဖြစ်ပါတယ် ။
Indie Pop , Dance Rock အမျိုးအစားဖြစ်ပြီး ရိုးရိုးရှင်းရှင်းစာသားလေးများနဲ့အတူ မြူးမြူးကြွကြွသံစဥ်လေးတွေကြောင့် Billboard Hot 100 ရဲ့ နံပါတ် ၄ အဖြစ်ကို ရရှိခဲ့တဲ့အပြင် ဒီ playlist လေးရဲ့ စတုတ္ထသီချင်း အဖြစ်ကိုပါရရှိခဲ့ပါတယ် ။ 😃

Youtube - https://youtu.be/6JCLY0Rlx6Q

...

၅ ၊ Running With The Wild Things - Against The Current

ဒီသီချင်းလေးဟာ နိုင်ငံတကာမှာ ထင်ထင်ရှားရှား အောင်မြင်မှုရရှိထားခြင်းလည်း မရှိပါဘူး ။
ဒီသီချင်းလေးကတော့ မြန်မာ facebook အသိုင်းအဝိုင်းမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ Beauty and the Beat cover သီချင်းထဲက မိန်းကလေးအဆိုတော် Christie Costanza ရဲ့ Band - Against The Current - ကနေ သီဆိုထားတဲ့ Pop Punk သီချင်းတပုဒ်ဖြစ်ပါတယ် ။ သီချင်းလေးရဲ့ တက်ကြွတဲ့သံစဥ် ၊ ပြင်းထန်တဲ့ စာသားတွေက တနေကုန်လုံးအတွက် တက်ကြွရွှင်လန်းစေဖို့ ခွန်အားတွေပေးနေနိုင်မှာပါ ။

Youtube - https://youtu.be/bcvuYNhfj-c

...

ပထမပိုင်းကို ဒီမှာခဏရပ်နားလိုက်ပါဦးမယ် ။
အားလုံးလည်း ဒီသီချင်း ၅ ပုဒ်ကို အရင်ဆုံး နားထောင်ခံစားကြည့်လိုက်ပါဦး ။

ဒီနေရာထိ သည်းခံ ဖတ်လာပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ။
နောက်ထပ် သီချင်းကောင်းတွေကို ထပ်ပြောပြချင်ပါသေးရဲ့ ။

Peace. V

...