Tuesday, July 26, 2016

Cross my mind _ Twin Forks

ဒုတိယ အနေနဲ့ ပြောပြချင်တာကတော့

...

ဒီသီချင်းလေးကတော့ ကိုရီးယားကား ကြိုက်ပါတယ်ဆိုသူများ ကြားဖူးကြပါလိမ့်မယ် ။
၂၀၁၄ ခုနှစ်က နာမည်ကြီး ဒရာမာဇာတ်ကားဖြစ်တဲ့ '' It's Okay, That's Love '' ( မြန်မာ နာမည်တော့ ဘယ်လိုပေးကြလေတယ် မသိပေါ့လေ ) ဂျိုအင်ဆောင်နဲ့ ဂုံဟျိုဂျင် တို့ပါဝင် သရုပ်ဆောင်ထားကြတဲ့
အဆိုပါ ဇာတ်ကားမှာ သီချင်းကိုယ်တိုင်ကိုတော့ ဖွင့်ပြခြင်းရှိမရှိ မမှတ်မိတော့ပေမယ့် ဒီသီချင်းရဲ့ Hook ဖြစ်တဲ့ လေချွန်သံလေးကို ဖောဖောသီသီသုံးထားတာ သတိပြုမိကြမှာပါ ။ ဒီလေချွန်သံလေး ကြားမိရင်တော့ အမှတ်ရသူများ ရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်လေ ။

...

သီချင်းလေး နာမည်ကတော့ '' Cross My Mind '' လို့ ခေါ်ပါတယ် ။ '' (တခါတရံတော့) သတိရမိပါရဲ့ " လို့ ဆီလျော်သလို ဘာသာပြန်ခွင့်ပြုပါ ။
သီချင်းလေးကိုတော့ Folk Rock လို့ သတ်မှတ်ထားပေမယ့် မယ်ဒလင်လေးရယ် လေချွန်သံချိုချိုလေးတွေနဲ့ ဒီသီချင်းဟာ ကျွန်တော့အတွက်တော့ Country or Acoustic Pop နှစ်မျိုးထဲက တစ်မျိုးပါပဲ ။ 😃
လမ်းခွဲ ပြတ်စဲသွားကြတဲ့ ချစ်သူ နှစ်ဦး ၊
ပြန်ပြီး ဆုံတွေ့မိချိန် ၊
ကောင်ကလေးက ကောင်မလေးကို ပြောပြနေတဲ့ ပုံစံမျိုး ရေးဖွဲ့ထားတာပါ ။

" ခဏလောက် တူတူရှိနေပေးပါ
( ငါက လူတွေကို သိပ်မရင်းနှီးတတ်တဲ့ အတွက် ) ငါ ဒီလို မပြုံးမရယ်ရတာ ကြာပါပြီ
ဘာမှ မတောင်းဆိုပါဘူး..
နင်နဲ့ ခဏ စကားပြောချင်ရုံသက်သက်ပါ ''
- ဆိုတဲ့ စာသားလေးကို တော်တော်များများ ခံစားနားလည်နိုင်ကြမယ် ထင်ပါရဲ့ ။

" Good company is hard to find
ကိုယ့်ကို နားလည်နိုင်တဲ့သူဟာ သိပ်ရှားတာပဲကွယ် ''

ပြန်လည်ပြီး ချစ်သူဖြစ်ကြစို့ ၊ ပြန်လည်ပြီး လက်တွဲကြစို့လို့ မပြောပါပဲ ၊ ငါ့ကို မင်းလောက် နားလည်နိုင်တဲ့ လူ သိပ်ရှားတယ်

ဆိုတဲ့ စာသားဟာ ဒီသီချင်းမြူးမြူးလေးမှာတောင် သိပ်ရင်နာစရာကောင်းပါတယ် ။

Youtube - https://youtu.be/ibtmDGykLLg

...

ဒီသီချင်းကို သီဆိုသူတွေကတော့ Twin Forks ဆိုတဲ့ Folk Rock Band ပဲ ဖြစ်ပါတယ် ။
သူတို့ကတော့ Indie (independent) Band တခုဖြစ်တဲ့ အတွက် နာမည်မရှိ အဖွဲ့တခုလို့ ပြောနိုင်သလို
၂၀၁၁ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပေမယ့် Album တခုသာ ထုတ်နိုင်ခဲ့လို့ တက်သစ်စ အဖွဲ့ဆိုလည်း မှန်နိုင်ပါတယ် ။

သူတို့ အဖွဲ့အနေနဲ့ အသိများတဲ့ သီချင်းဟာ Back to you ( https://youtu.be/_uIOSj_49Bo ) နဲ့ အခု Cross my mind နှစ်ပုဒ်ပဲ ရှိပါတယ် ။
Album တခုတည်း ထုတ်ဝေရသေးတဲ့ အတွက် One Hit Wonder လို့တော့ ပြောရမှာ စောလွန်းပါသေးရဲ့ ။
မယ်ဒလင်လေးနဲ့ လေချွန်သံလေးနဲ့ ဒီသီချင်းလေးကိုတော့ နားထောင်ကြည့်စေချင်ပါသေးတယ် ။

...

ကျွန်တော့်အနေနဲ့ ဘယ်နှရက် တကြိမ် တင်မယ် တွေ အာမခံလို့ မရတဲ့ အနေအထားဖြစ်လို့
တရက်ထဲပဲ အများကြီးတင်တာတွေရှိနိုင်သလို အကြာကြီးနေမှ ထပ်တင်တာမျိုးလည်း ရှိနိုင်ပါရဲ့ ။
သီချင်းတပုဒ်နားထောင်မိလို့ အရမ်းသဘောကျမိတာနဲ့ပဲ ချက်ချင်းရေးတင်ကောင်းပါရဲ့ ။
ဘယ်လိုပဲ ဖြစ်စေ. ဒီနေရာထိ သည်းခံ ဖတ်လာပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ။
နောက်ထပ် သီချင်းကောင်းတွေကို ထပ်ပြောပြချင်ပါသေးရဲ့ ။

Peace. V

No comments:

Post a Comment