Tuesday, July 26, 2016

Once In A While _ Timeflies

ပထမဆုံးတင်မယ့် စာဖြစ်တဲ့ အတွက် ဖတ်ရတာ ထောက်နေနိုင်သလို အူကြောင်ကြောင်လည်း ဖြစ်နေနိုင်ပါရဲ့ 😃
သော်ငြားလည်း သီချင်းကောင်းတပုဒ် ဖြစ်တဲ့အတွက် သည်းခံဖတ်ကြစေလိုပါတယ်

...

ကျွန်တော်တို့တွေ သီချင်းတပုဒ်ကို ဘယ်လိုရှာတွေ့ကြပါလိမ့်
မြန်မာသီချင်းတွေကတော့ ပြည်တွင်းဖြစ်တဲ့အတွက် သတိထားမိဖို့ များပါတယ်
ဒါဆို နိုင်ငံခြားသီချင်းတွေကိုရော ..

အဓိကတော့ ၂နည်းလို့ပဲ ကျွန်တော်မြင်ပါတယ် .
လူမှု့ကွန်ယက်ပေါ်ကဖြစ်စေ . Billboard လိုမျိုး နာမည်ကြီး စာရင်းတွေက ဖြစ်စေ.  ၂နည်းပါပဲ..

ရေဒီယိုတွေက နားထောင်မိလို့ သဘောကျမိတာတွေရှိကောင်းရှိပါလိမ့်မယ် ။ ဒါပေမယ့် ပြည်တွင်း ရေဒီယိုတော်တော်များများဟာ Billboard Top 10 , V Channel Hot 10 လိုမျိုးတွေကပဲ ရင်းမြစ်ပြန်စပါရဲ့ ။
သူငယ်ချင်းတွေဆီက ၊ ပတ်ဝန်းကျင်က ဖွင့်လို့ နားထောင်မိတယ်ရှိမယ် ။ ဒါပေမယ့်လည်း အရင်းစစ်တော့ အမြစ်မြေက ဆိုသလို နောက်ဆုံးတော့ ကျွန်တော် ပြောခဲ့တဲ့ အချက် ၂ချက်မှာပဲ မြစ်ဖျားခံကြပါတယ် ။

ဒါဟာ ကောင်းတယ် မကောင်းဘူး မဆိုလိုပါဘူး ။ သီချင်းတပုဒ် နားထောင်တယ် ဆိုတာမှာ မှားတယ် မှန်တယ် ဘယ်ရှိပါ့မလဲနော် ။ 😃

ဒါပေမယ့်လည်း Chart တွေရဲ့ အဆင့် တစ်ကို ရတယ်ဆိုတာ သီချင်းကောင်းတယ်လို့ အမြဲမသက်ရောက်ပါဘူး ၊
Billboard လိုမျိုး Chart တွေမှာ မသိသာပေမယ့်
Kpop Music ရဲ့ Chart တွေဖြစ်တဲ့ Melon, Naver, Monkey3 တွေမှာဆို တအားသိသာပါတယ် ။
Chart တွေရဲ့ ထိပ်တွေဟာ သီချင်းကောင်းဖြစ်မယ့်အစား Popular ဖြစ်တဲ့ အဆိုတော်တွေ ဖြစ်နေတတ်ပါတယ် ။
Chart တွေ အကြောင်းကို နောက်မှ ထပ်ရေးပါဦးမယ် ။

ဒီတော့ သီချင်းကောင်းပေမယ့် နာမည် သိပ်မကြီးသေးသူတွေ တက်သစ်စလေးတွေဟာ သင်နားထောင်မိဖို့ ဆိုတာ တော်တော်ခဲယဥ်းပါရဲ့ ။
အခု ကျွန်တော် ပြောပြသွားချင်တဲ့ သီချင်းတွေဟာ ဒီလို သီချင်းမျိုးတွေပါ ။

...

ဒီသီချင်းနာမည်လေးကတော့ Once in a while လို့ ခေါ်ပါတယ် ။ တခါတလေမှာ လို့တော့ ဘာသာပြန်ရမယ် ထင်ပါရဲ့ ။
Electronic Pop လို့ သတ်မှတ်ရမယ်ထင်ပါတယ် ။ ကျွန်တော်ဟာ ဝါသနာရှင်တယောက်ပဲ ဖြစ်လို့ မှားနေရင် သည်းခံစေချင်ပါတယ် ။
ဒီသီချင်းလေးမှာတော့
"ကိုယ်တွေဟာ တချိန်လုံး အနာဂတ်အတွက် စိတ်ပူနေရတယ် စိတ်ပင်ပန်းနေရတယ် ကြိုးစားနေရတယ် . ဟုတ်ပါတယ် ဖြစ်သင့်ပါရဲ့
ဒါပေမယ့် တခါတလေမှာတော့ ကိုယ့်ကိုယ်၌ ကိုယ် ပြန်စန်းဆစ်မိပါရဲ့.
ဒီလို အရမ်း စိတ်ပူနေစရာမှ လိုရဲ့လား.ဒီလို အရမ်း ဖိအားပေးနေသင့်ရဲ့လား.
တခါတလေမှာတော့ ပစ္စုပ္ပန်ဟာလည်း ပျော်စရာနေရာ တခုပါပဲ ၊
အရမ်း စိတ်ပင်ပန်းမနေပါနဲ့ "
  -လို့ ပြောပြထားပါတယ် ။

ဒီသီချင်းလေးကို ဗားရှင်း ၂ မျိုး ထုတ်ထားပါတယ် ။ Electronic နဲ့ တမျိုး ၊ Acoustic နဲ့ တမျိုးပါ ။
ကျွန်တော်ကတော့ (၂)မျိုးလုံးကို အရမ်းသဘောကျမိပါရဲ့ ။
ဒါကြောင့် (၂) မျိုးလုံးအတွက် Youtube Link ပေးထားပါမယ် ။
( မသိသူ ကျော်သွား သိသူ ဖော်စားကြပါလေ 😃 )

Electronic - https://youtu.be/kSdcVt6eVfA
Acoustic   - https://youtu.be/ZYeVF9m9wdo

...

ဒီသီချင်းလေးကို သီဆိုထားကြသူများကတော့ Timeflies ဆိုတဲ့ အမေရိကန် အဖွဲ့ပဲဖြစ်ပါတယ် ။
သူတို့ဟာ ကျွန်တော် စောစောက ပြောခဲ့သလိုမျိုး နာမည်မရှိသူများ မဟုတ်သလို တက်သစ်စများလည်း မဟုတ်ပါဘူး ။
၂၀၁၀ ခုနှစ်မှာ စတင်ခဲ့ပြီး ထိုအချိန်မှစ၍ Fan တွေအများကြီးလည်း ရှိသလို
Vanity Fair ဆိုတဲ့ မဂ္ဂဇင်းကြီးကိုယ်တိုင်က Musical Masterminds တွေလို့ တင်စားချီးကျူးခံထားရပါတယ် ။

ဒါပေမယ့် ကျွန်တော်ပြောပြခဲ့သလိုပဲ Chart တွေရဲ့ အဆင့် တစ် ၊ နှစ် မရဖူးခဲ့တဲ့အတွက် ဒီနိုင်ငံမှာ သိတဲ့လူတော့ နည်းနိုင်ပါတယ် ။ ရှင်းရှင်းပြောပြရရင်တော့ US Chart မှာ Hot 100 တောင် မချိတ်ခဲ့ဖူးပါဘူး ။

...

ကျွန်တော့်ရဲ့ ပထမဆုံး စာပဲ ဖြစ်ပါရဲ့..ဒီနေရာထိ သည်းခံ ဖတ်လာပေးကြသူအားလုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ် ။ 😃

သူငယ်ချင်းတွေကို သိစေချင်ရင်တော့ Share လုပ်ပေးနိုင်ပါတယ် ။
နောက်ကိုလည်း သီချင်းကောင်းကောင်းလေးတွေ ထပ်ပြောပြချင်ပါသေးတယ် ။ 😃

Peace. V

No comments:

Post a Comment